Skip to main content

“USB Port များအကြောင်းသိကောင်းစရာ”

“USB Port များအကြောင်းသိကောင်းစရာ”


USB ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ နေ့စဉ်ဘဝတွေမှာ တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ မိုဘိုင်းဖုန်းရဲ့ အားသွင်းကြိုးတွေမှာဆိုလည်း USB Cable ၊ ဖိုင်တွေ ကူးတဲ့အခါမှာလည်း USB Stick ၊ ကွန်ပျူတာတွေမှာဆိုလည်း USB Port အစရှိသဖြင့်ပေါ့။ ဒါဆို ကျွန်တော်တို့သိနေတဲ့ USB ဆိုတာ ဘယ်လိုမျိုးလဲ? သူတို့မှာ အမျိုးအစားတွေ ကွဲကြသေးလား? ဒါတွေကို ကျွန်တော်တို့ “Knowledge Byte Vault” ကို Sharing လုပ်ပေးမှာဖြစ်ပါတယ်။ 


USB ဆိုတာ ???

USB ဆိုတာ “Universal Serial Bus” ကို အတိုကောက်ခေါ်ဆိုတာဖြစ်ပါတယ်။ အဓိကအားဖြင့် ကွန်ပျူတာနှင့် ချိတ်သုံးလို့ရတဲ့ Printer , Scanner , Stick , Network Adapter စတဲ့ ပစ္စည်းတွေမှာ တွေ့ရပါတယ်။ Universal လို့ ခေါ်ရတဲ့ အကြောင်းကတော့ စံသတ်မှတ်ချက် ထားရှိတဲ့ အတွက် ဘယ်လို ပစ္စည်းအမျိုးအစားပဲဖြစ်စေ အတူတူ ချိတ်ဆက်သုံးလို့ရပါတယ်။ 


USB အမျိုးအစားများ ???

USB ဆိုတာနဲ့ မျက်စိတဲ့ပြေးမြင်မိမှာ USB Stick တွေလို လေးထောင့်အပြားပုံစံလေး ဖြစ်ပါလိမ့်မယ်။ တကယ်တော့ USB ကလည်း နည်းပညာအရ တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့တာ အခုဆို အကြမ်းဖျဉ်းအားဖြင့် Type A , Type B , Type C ဆိုပြီး အမျိုးအစား (၃) မျိုး ကွဲထွက်လာပါတယ်။ အမျိုးအစားတစ်ခုချင်းစီကလည်း သူတို့သဘာဝ တွင်တွင်ကျယ်ကျယ် အသုံးချနေတဲ့ နယ်ပယ်တွေရှိပါတယ်။ 

USB Type A

USB Type A တွေကို ကွန်ပျူတာနှင့်ချိတ်ဆက်တဲ့အခါ အများသုံး အသုံးပြုကြပါတယ်။ Keyboard , Mouse တို့အပြင် Data Transfer လုပ်တဲ့ USB Stick တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ အဓိကအားဖြင့် Data Transfer လုပ်တဲ့ နေရာမှာ USB Type A တွေက အဓိက အရေးပါပါတယ်။ ပထမဆုံး USB Version ကို ၁၉၉၃ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး USB 1.0 ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ USB 1.0 မှာဆိုရင် Data Transfer Speed က 1.5 Mbit/s ရှိခဲ့ပါတယ်။ ဆိုလိုတာ ၁ စက္ကန့်ကို Data ပမာဏ 1.5 Megabit ပဲ Transfer လုပ်လို့ရတာပါ။ 

နောက်ပိုင်းမှာ အသုံးပြုတဲ့ နယ်ပယ်ကျယ်ပြန့်လာတာနဲ့အမျှ Data Transfer Speed တွေ ပိုမြန်လာတဲ့ USB Version အမျိုးမျိုး အဆင့်မြှင့်ခဲ့တာ အခုဆို USB 4 ကို Data Transfer Speed 40 Gb/s နဲ့ သုံးနိုင်ပြီဖြစ်ပါတယ်။ 


USB Type B

USB Type B တွေကတော့ ယနေ့တိုင်အသုံးပြုနေဆဲ ဖြစ်ပါတယ်။ သူ့ကို Printer , Scanner စတာတွေနဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့အခါ ကွန်ပျူတာဖက်မှာ Type A ၊ Printer , Scanner ဖက်မှာ Type B ပုံစံသုံးပါတယ်။ ဒါ့အပြင် External Hard Disk တွေမှာဆို USB Micro B ၊ Keypad Phone နှင့် Camera တွေမှာဆို Mini B နဲ့ Micro B ဆိုပြီး ထပ်ပြီးရှိပါသေးတယ်။ 


USB Type C

နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုအရ ဆက်လက်ပြောင်းလဲခဲ့တဲ့အခါ ဒီနေ့မြင်နေရတဲ့ USB Type C ဟာ ၂၀၁၄ ခုနှစ်မှ စတင်ပေါ်ပေါက်လာပါတယ်။ ရှေ့က Type A , B ထက် ပိုပြီး ပါးလွှာတဲ့ ပုံသဏ္ဍာန်ရှိတဲ့အပြင် အလွယ်တကူတပ်ဆင်နိုင်ပါတယ်။ Type A , B လိုမျိုး သတ်မှတ်အတိုင်း တပ်ဆင်စရာမလိုဘဲ အပေါ်အောက် နေရာစုံကနေ တပ်ဆင်လို့ရပါတယ်။ ဒီနေ့ထုတ် ဖုန်းတွေမှာဆို USB Type C ကို ပိုမိုတွင်တွင်ကျယ်ကျယ်သုံးလာတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် Laptop နဲ့ Desktop ကွန်ပျူတာတွေမှာပါ Type C ကို ထည့်သွင်းလာကြပါတယ်။ 

USB Color Code

USB Port တွေကို Desktop Computer တွေမှာ အများဆုံးတွေ့ရပြီး သေချာကြည့်မယ်ဆိုရင် USB Port တွေရဲ့ အရောင်တွေမတူတာကို တွေ့ရမှာပါ။ အဖြူရောင်ရှိတဲ့ USB Port တွေဟာ USB Type A Version 1.X တွေဖြစ်ပါတယ်။ USB 2.X တွေကိုတော့ အနက်ရောက်သတ်မှတ်ပါတယ်။ USB 3.0 ကို အပြာရောင်၊ USB 3.1 ကို စိမ်းပြာရောင်၊ USB 3.2 ကို အနီရောင် သတ်မှတ်ပါတယ်။ USB အရောင်တွေကိုကြည့်ပြီး ကိုယ်သုံးမယ့် ပစ္စည်းကို မှန်ကန်တဲ့ USB Port တွေမှာ တပ်ဆင်ရပါမယ်။ ဥပမာ Data ကူးချင်ရင် မြန်နှုန်းမြင့်တဲ့ USB Version အမြင့်တွေမှာ တပ်ဆင်ရပါမယ်။ ပုံမှန် Keyboard , Mouse တွေကတော့ အနိမ့်ဆုံး Version USB Port တွေမှာ တပ်ဆင်ပေးပြီး Printer , Scanner တွေကတော့ သာမန် USB Port တွေမှာ တပ်ဆင်ပေးနိုင်ပါတယ်။ 



ဒီနေ့ Sharing လုပ်ပေးတဲ့ အကြောင်းအရာလေးကတော့ နေ့စဉ်ဘဝမှာ တွေ့နေရတဲ့ USB အကြောင်းပဲဖြစ်ပါတယ်။ သီးခြားသိလိုတာတွေရှိရင် Comment မှာ အကြံပြုပြောကြားနိုင်ပါတယ်။ 


KNOWLEDGE BYTE VAULT


Comments